
ဘ/က ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ၂၀၁၈/၂၀၁၉ ပညာသင်နှစ်
ပန်းသီးဖောင်ဒေးရှင်းမှ ကြီးမှုးကျင်းပပြီး ဘုန်းတော်ကြီးသင်/သီလရှင်သင် ပညာရေးကျောင်းများရဲ့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ၆၊ ၁၊ ၂၀၁၉ ရက်နေ့တွင် မြင်သာမြို့ဦး ဘ/ကကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ချစ်ကြည်ရင်းနှီးရေးဘောလုံးပွဲစဉ်မှာ ပထမဆုရရှိသွားတာကတော့ ယောကျ်ားလေးအသင်းမှာ မိန်းကလေးအသင်းမှာ သဒ္ဒမ္မဇောတိကာရုံဘ/ကကျောင်းဖြစ်ပြီး ဒုတိယဆုကိုတော့ ယောကျ်ားလေးအသင်းမှာ မာဂဓီသာစည်ဘ/ကကျောင်းရရှိပြီး မိန်းကလေးအသင်းမှာ ထိန်စွန်း (မှော်ဘီ) ဘ/ကကျောင်းမှ ဖြစ်ပါသည်။ တတိယဆုကို စန်းသီတာ သီလရှင်သင်ပညာရေးကျောင်း ယောကျ်ားလေးအသင်းမှ ရရှိပြီး မာဂဓီသာစည်ကျောင်းမှ မိန်းကလေးအသင်းရရှိခဲ့ကြပါသည်။ မြင်သာမြို့ဦးမှ ယောကျ်ားလေးအသင်းနှင့် မိန်းကလေးအသင်းတို့မှ ရရှိခဲ့ကြပါသည်။
ဆရာမများထုပ်စည်းတိုးပြိုင်ပွဲ ပထမဆုကိုတော့ မာဂဓီသာစည်ကျောင်းမှ ဆရာမများကရရှိခဲ့ပြီး၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲမှာတော့ ဝိရတီတောရစန်းသီတာကျောင်းက ဆရာမများက ရရှိသွားကြပါသည်။ ပါဝင်သော ဆရာ/ဆရာမများအားလုံးကိုလည်း လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ပန်းသီးဖောင်ဒေးရှင်းအနေနဲ့. အနာဂတ်ကလေးငယ်များရဲ့ ပညာရေး၊ကျန်းမာရေးပ့ံပိုးကူညီမှုများထဲမှာမှ အခုလို ကာယပြိုင်ပွဲများကိုလဲ ကျင်းပမြဲဖြစ်ပါသည်။ ဒါမှသာ ကလေးငယ်တို့အတွက် ဉာဏ်ပညာအပြင် ကိုယ် ကာယဖွ့ံဖြိုးတိုးတက်မှုတွေရရှိလာနိုင်မှာ ဖြစ်ပါသည်။
ကလေးငယ်တို့အတွက် အခုလို ဖွ့ံဖြိုးတိုးတက်မှုလုပ်ငန်း စဉ်များကို တစိုက်မတ်မတ်လုပ်ဆောင်နိုင်ဖို့ အစဉ်အမြဲပ့ံပိုးမှုများပေးနေပါသော ဖောင်ဒေးရှင်းဥက္ကဌဦးဇော်လတ်၊ ဒုဥက္ကဌဒေါ်ဝေသစ်လွင်(bella foundar) တို့အားလည်းကောင်း၊ ပွဲစဉ်အတွက် အလှုငွေများ ပါဝင်လှူဒါန်းပေးပါသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပွဲစဉ်အစမှအဆုံးထိ အစစတာဝန်ယူဆောင်ရွက်ပေးပါသော မြင်သာမြို့ဦး ပဓာနနာယကဆရာတော် ဦးပညာစာရ တို့အား အထူးပင်ကျေးဇူးဥပကာရတင်ရှိပါကြောင်း ပန်းသီးဖောင်ဒေးရှင်းမှ မှတ်တမ်းတင်ဂုဏ်ပြုပါသည်။
အနာဂတ်ပန်းကလေးများ လှပရွှင်လန်းနေစေဖို့….. ပန်းသီးဖောင်ဒေရှင်းနဲ့အတူ…ဝိုင်းဝန်းကူညီကြပါစို့
Leave a Comment