News

  • Home
  • Blog Grid
  • ဓမ္မာနန္ဒာ (မိုးကုတ်) ကျောင်းဆောင်သစ်ဖွင့်ပွဲ

ဓမ္မာနန္ဒာ (မိုးကုတ်) ကျောင်းဆောင်သစ်ဖွင့်ပွဲ

မင်္ဂလာရှိတဲ့ မင်္ဂလာနံနက်​ခင်​းမှာ ပန်​းသီး​ဖောင်​​ဒေးရှင်​းက မင်္ဂလာရှိလှတဲ့အလှုတစ်​ခုကို လှူဒါန်​းနိုင်​ခဲ့ကြပြန်​ပါပြီ။ မန္တ​လေးတိုင်​း​ဒေသကြီး၊ မိုးကုတ်​မြို့နယ်​၊ ကျပ်​ပြင်​ အုတ်​အင်​းရပ်​ကွက်​မှာရှိတဲ့ ဓမ္မာနန္ဒဘုန်​း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်​း မှာ ​ဆောက်​လုပ်​လှူဒါန်​းတဲ့ ​ကျောင်​းအပ်​လှူဒါန်​း​ရေစက်​ချအလှူပွဲ​လေးကို ၈-၁၂-၂၀၁၈ နေ့တွင် ပြုလုပ်​ခဲ့ကြပါသည်။​

    ပန်​းသီး​ဖောင်​​ဒေးရှင်​းရဲ့ (၁၅၂)​ကျောင်​း​မြောက်​အလှူအဖြစ်​ လှူဒါန်​းနိုင်​ခဲ့ခြင်​းလဲဖြစ်​ပါသည်။ မြန်​မာနိုင်​ငံ အနှံ့အပြား မှာရှိတဲ့ တိုင်​းရင်​းသားလူမျိုးစု က​လေးငယ်​တို့အတွက်​ အကျိုးရှိလှတဲ့ အလှူတစ်​ခုဖြစ်​ခဲ့လို့ ကြည်​နူး​ကျေနပ်​လို့မဆုံးလဲ ဖြစ်​မိရပါတယ်​။ ​ကျောင်​းသား​ကျောင်​းသူ​ပေါင်​း ၅၀၀​ကျော်​ ​အေးချမ်​းလုံခြုံ ​နွေး​ထွေးစွာ ပညာသင်​ကြားနိုင်​ကြပြီမို့ ပန်​းသီးမိသားစုလဲ ပင်​ပန်​းရကျိုး၊ ​မောရကျိုးနပ်​ပါပြီ။

ဒါ့​ကြောင်​့ အနာဂတ်​က​လေးငယ်​တို့ဘဝ သာယာလှပ​စေဖို့ ပန်​းသီး​ဖောင်​​ဒေးရှင်​းမိသားစုနဲ့အတူ ဝိုင်​းဝန်​း ကူညီ လှူဒါန်​းကြပါစို့​နော်​ ….. ။

Leave a Comment

Translate »