
ကျောင်းဖွ်ပွဲ (ဖိုးဦးဇံ)
ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့့် လို့ချီ…..
နေခြည်မှာ ရွှေရည်လောင်း..ငါတို့စာသင်ကျောင်း….
ဝေးလံခေါင်ဖျား အရပ်ဒေသများထဲက တခုဖြစ်တဲ့ ဖျာပုံမြို့နယ်၊ ဖိုးဦးဇံရွာလေးဟာ ရန်ကုန်မြို့ကနေ ကားလမ်းခရီးနဲ့ ၃နာရီခွဲ၊ ဆက်လက်ပြီး ရေလမ်းခရီးကနေ ၂နာရီခွဲတိုင်တိုင် သွားရတဲ့ ဟိုး ပင်လယ်ဝနား ဧရာဝတီတိုင်း ဒေသကြီးထဲက နေရာတခုပါ .....
ဖိုးဦးဇံကျေးရွာလေးမှာရှိတဲ့ ဓမ္မပါလဘုန်းတော်ကြီးသင်ကျောင်းလေးဟာ .... ရေလုပ်ငန်းလုပ်ကိုင်ကြတဲ့ မိသားစုဝင် ကလေးငယ်ပေါင်း ၁၅၀ကျော် မှီခိုပညာသင်ကြားနေရတဲ့ ကျောင်းတကျောင်းလဲဖြစ်ပါတယ်
ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကို အံတုရင်း မပြည့်စုံ မလုံခြုံတဲ့ ကျောင်းကလေးထဲမှာ ချို့တဲ့စွာ ပညာသင်ကြားနေကြရတဲ့ ကလေးငယ်တို့အတွက် ပန်းသီးဖောင်ဒေရှင်းက ကျောင်းဆောင်သစ်တဆောင်ကို ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ပြန်ပါပြီ
အခုဆိုရင် ပြည့်စုံလုံခြုံတဲ့ ကျောင်းကလေးမှာ... ကျောင်းသားဦးရေ ၂၅၀ကျော်ထိ တိုးလို့လက်ခံ ပညာသင်ကြားကာဖြင့် စာမေးပွဲတွေတောင် ဖြေဆိုပြီးကြပြီဖြစ်ပါတယ်.
နွေနွေ
မိုးမိုး
ဆောင်းဆောင်း ဥတုရာသီ ကူးခါပြောင်းတိုင်း….အလှူဒါနတွေပြုမြဲပြုနေတဲ့….မှတ်တိုင်သစ်တွေ တခုပြီးတခုစိုက်နေတဲ့…. ပန်းသီးဖောင်ဒေးရှင်းနဲ့အတူ …. ကြည်နူးသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်
လက်တွဲကူညီ အလှူဒါနအတူပြုကြနိုင်စေဖို့လဲ ပန်းသီးဖောင်ဒေးရှင်းက အမြဲကြိုဆိုဖိတ်ခေါ်လိုက်ပါရစေလို့…….
Leave a Comment