
လောကမာရဇိန်ကျောင်း
Date of Project : | ၂၀၁၆ |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | အမှတ်(၁)၊၃ရပ်ကွက်၊သုံးခွမြို့နယ်၊ရန်ကုန်တိုင်း။ |
Categories : | ၁၂ ခန်းပါ ၃ထပ်၊ အိမ်သာပါစာသင်ဆောင် + ကျောင်းရှေ့ကွန်ကရစ်ခင်း + ကွန်ပြူတာခန်း |
About Project
လောကမာရဇိန်ကျောင်းသည် ပန်းသီးဖောင်ဒေးရှင်းသို့ လျှောက်ထားလာသော ကျောင်းလျှောက်လွှာ များထဲတွင် အုတ်မြစ်ချပြီး သံတိုင်များသာထောင်ထားသည့် ( ၃ ) ထပ်ကျောင်းဆောင်အတွက် အလှူခံထားသော ကျောင်းဖြစ်သည်။ ထိုကျောင်းကို သွားရောက်လေ့လာကြည့်ရှုသောအခါ ဘုရားကျောင်းဆောင်တန်ဆောင်း၏ ထောင့်တိုင်းတွင် ကလေးငယ်များ စာသင်ကြားနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် မပြီးပြတ်သေးသည့် လိုအပ်နေသော ( ၃ ) ထပ်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ထိုကျောင်းဆောင်ကိုလည်း ကလေးများစာသင်ခန်းအနေဖြင့် အသုံးပြုရုံသာမက ရပ်ရွာအကျိုးပြုလုပ်ငန်းများ ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်အသုံးပြုရန်အတွက်လည်း တိုက်တွန်းခဲ့သည်။ ထိုကဲ့သို့အသုံးပြုခြင်းအားဖြင့် ရပ်ရွာလူထုမှကျောင်းအပေါ်ဆရာတော်၏ လုပ်ဆောင်ချက်များကိုသိရှိပြီး ကလေးငယ်များအကျိုးအတွက် ပူးပေါင်းပါ၀င် များအားကောင်းလာနိုင်မည်ဟု မျှော်မှန်းသောကြောင့်ဖြစ်သည်။
ဆောက်လုပ်လှူဒါန်းပြီးသော ကျောင်းဆောင်ကြီးသည် အလင်းရောင်ကောင်းခြင်း ၊ လေဝင်လေထွက် ကောင်းခြင်းနှင့် ကျောင်း၀န်းကျင် သန့်ရှင်းသပ်ရပ်ခြင်းတို့ကြောင့် ထိုကျောင်း၏ကလေးငယ်များ အနာဂါတ်တွင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရန် ကွန်ပျူတာများကိုလည်း လှူဒါန်းခဲ့သည်။