1
2
3
4
5
6

ကျွန်ုပ်တို့အကြောင်း

ပန်းသီးဖောင်ဒေးရှင်းကို ၂၀၁၀ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများရှိ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ကလေးတို့၏အနာဂါတ်ဘဝများ သာယာလှပစေရန် ရည်ရွယ်ပါသည်။

  • မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများရှိ ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်ရန်။
  • ဘဝရပ်တည်နိုင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်မှုရရှိစေရေးအတွက် အကူအညီပေးရန်။
  • ရည်ရွယ်ချက်ခြင်းတူသော ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လူမှုရေး ပရဟိတလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့် အမြင်သဘောတရားများ ဖလှယ်ရန်။

  • ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ပညာရေးကျောင်းများတွင် ပညာသင်ကြားနေသောကလေးများအား စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကုသစရိတ်များ ထောက်ပံ့လှူဒါန်းပေးရန်။
  • ကလေးငယ်များအား ပညာသင်ကြားပေးနေသော ဆရာ/ဆရာမများအတွက် လစာနှင့်စရိတ်များ ကူညီထောက်ပံ့ပေးရန်။
  • ထူးချွန်ထက်မြက်သောကလေးငယ်များအား ပညာသင်ထောက်ပံ့ကြေးများပေးရန်။
  • ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ပညာရေးကျောင်းများ၏ စာသင်ကျောင်း/အိပ်ဆောင်အဆောက်အဦနှင့် စာသင်ခုံများကဲ့သို့သော လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် အခြားအလှူရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးရန်။

  • မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများရှိ ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်ရန်။
  • ဘဝရပ်တည်နိုင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်မှုရရှိစေရေးအတွက် အကူအညီပေးရန်။
  • ရည်ရွယ်ချက်ခြင်းတူသော ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လူမှုရေး ပရဟိတလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့် အမြင်သဘောတရားများ ဖလှယ်ရန်။

  • မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများရှိ ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်ရန်။
  • ဘဝရပ်တည်နိုင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်မှုရရှိစေရေးအတွက် အကူအညီပေးရန်။
  • ရည်ရွယ်ချက်ခြင်းတူသော ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လူမှုရေး ပရဟိတလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့် အမြင်သဘောတရားများ ဖလှယ်ရန်။

သက်ရောက်မှုများ

+

School Donation

+

Heratitis B

+

Teacher Salary

+

Scholarship

စီမံကိန်းများ

ကျောင်းဆောင်ဆောက်လုပ်ခြင်း

ပန်းသီးဖောင်‌ဒေးရှင်းအနေဖြင့် ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများတွင် ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများကိုလည်း စာသင်ကျောင်းစံနှုန်းများနှင့်အညီ ပညာသင်ကြားခွင့်နှင့် အရည်အသွေးမီ သင်ကြားသင်ယူမှု ဝန်းကျင်များရရှိစေနိုင်ရန်အတွက် စာသင်ကျောင်းများနှင့် ကလေးများအတွက် နှစ်ထပ်ကုတင်များပါဝင်သောအိပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပိုမိုဖတ်ရှုရန်

အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ထိုးနှံလှူဒါန်းခြင်း

ပန်းသီးဖောင်‌ဒေးရှင်းသည် စတင်တည်ထောင်ချိန်မှစ၍ မိဘမဲ့‌‌‌ဂေဟာ၊ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းနှင့် သီလရှင်သင်ပညာရေးကျောင်းတို့တွင် အသည်းရောင်အသား၀ါ(B)ပိုး သွေးစစ်ပေးခြင်းနှင့် အသည်းရောင်အသား၀ါ(B)ပိုး ကာကွယ်ဆေး ထိုးပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ တိုင်းအားဖြင့် ( ၆ ) တိုင်း၊ ပြည်နယ်အားဖြင့် ( ၂ ) ပြည်နယ်အတွင်းရှိ ကလေးငယ်ပေါင်း (၁၁၃၄၄၀) ဦး၊ ကျောင်းအားဖြင့် ( ၅၂၇ )ကျောင်းအား ကာကွယ်ဆေးလှူဒါန်းနိုင်ခဲ့သည်။

ပိုမိုဖတ်ရှုရန်

Application

Pann Thee Application သည် Covid 19 ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားရချိန်တွင် ကျောင်းသားကျောင်းသူများ ပညာရေးရပ်တန့်မသွားစေရန် ဖောင်ဒေးရှင်းအနေဖြင့် အလျင်အမြန်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းတစ်ခုဖြစ်ပြီး အခြေခံပညာရေးသင်ခန်းစာများကို အခမဲ့ သင်ယူလေ့လာနိုင်မည်ဖြစ်သည်။

ပိုမိုဖတ်ရှုရန်

အခမ်းအနားနှင့်လှုပ်ရှားမှုများ

View All
28, Jan, 2025
မွေးနေ့ရှင်များအတွက် ပီတိလက်‌ဆောင်
မွေးနေ့ရှင်များအတွက် ပီတိလက်ဆောင်ဆိုသည်မှာ တနည်းအားဖြင့် မွေးနေ့အလှူပြုလုပ်ခြင်းပင်ဖြစ်ပြီး မွေးနေ့ရှင်အတွက် ချစ်သူခင်သူများကသော်လည်းကောင်း ....
Read More
12, Jan, 2025
စာကြည့်တိုက်နှင့်ကစားကွင်းများတည်ဆောက်ပေးခြင်း
ကျောင်းသားကျောင်းသူများ စာရေးစာဖတ်စွမ်းရည်နှင့်  သတင်းအချက်အလက် ရှာဖွေမှုစွမ်းရည်များ တိုးတက်စေရန် စာကြည့်တိုက်များကိုလည်း ....
Read More
10, Jan, 2025
အဝီစိတွင်းလှူဒါန်းခြင်း
သောက်သုံးရေရှားပါးပြီး လုံလောက်မှုမရှိသောဒေသများတွင် ကျေးရွာနေလူထု၏ တောင်းဆိုမှုများအရ လိုအပ်သော အဝီစိတွင်းများ ....
Read More

ကလေးငယ်များ၏အနာဂါတ်လိုအပ်ချက်များကိုအတူပါဝင်ကူညီကြပါစို့

ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအကူအညီ အမှန်တကယ် လိုအပ်နေသော အနယ်နယ်အရပ်ရပ်မှ ကလေးများ၏ အနာဂါတ်များသာယာလှပစေရန်အတွက် ကျွန်ုပ်တို့ပန်းသီးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီလျက်ရှိပါသည်။

ကျွန်ုပ်တို့နှင့်အတူ ကလေးငယ်များအတွက် တစ်တပ်တစ်အားပါဝင်ကူညီကြရန် ဖိတ်ခေါ်အပ်ပါသည်။ သင်တို့၏ ကူညီမှုတစ်ခုစီတိုင်းသည် ကလေးငယ်များ၏ အနာဂါတ်များကို ပိုမိုတောက်ပစေပြီး အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ရန် အထောက်အကူဖြစ်စေပါသည်။

လှူဒါန်းမည်

Our Partners