ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

Jan 10, 2025

ဖောင်ဒေးရှင်း၏ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်သည်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ၊ မိဘမဲ့ကလေးကျောင်းများသို့သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း ၊ ကုသမှုပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံများသို့တက်ရောက်နိုင်ရန် လွှဲပြောင်းဆောင်ရွက်ပေးခြင်းတို့ကို စေတနာ့ဝန်ထမ်းဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူဆောင်ရွက်ပေးခြင်းဖြစ်သည်။

လူများစွာစု‌ဝေးနေထိုင်ရသော ကျောင်းအိပ်ကျောင်းစားနေရာများ နှင့်ဂေဟာများ သည် ရောဂါပိုးပျံ့ပွားနိုင်ချေများခြင်း ၊ တစ်ဦးတ‌‌ယောက်ချင်းစီ၏ တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းများကြောင့် ဖျားနာခြင်း ၊ ကူးစက်ရောဂါများဖြစ်ပွားခြင်းများ စသည့်  ထိခိုက်မှုဖြစ်နိုင်ချေအလွန်များသည်။ ထိုနေရာများဆီသို့ အရောက်သွားပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း ၊ ဖွံ့ဖြိုးမှုနှင့်အသက်အရွယ်အလိုက်လိုအပ်သော အာဟာရဖြည့်စွက်စာနှင့် အားဆေးပေး‌ဝေခြင်းများ ဆောင်ရွက်ပေးပြီး နာတာရှည်ကဲ့သို့ရောဂါဝေဒနာများ ၊ ခွဲစိပ်ကုသရန်လိုအပ်သော ရောဂါဝေဒနာများရှိနေသော ကလေးများအားလည်း ဖောင်ဒေးရှင်း၏အစီအစဥ်ဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်။

မိဘမဲ့ဂေဟာ၊ ဘုန်းတော်ကြီးနှင့်သီလရှင်သင် ပညာရေးကျောင်းများရှိ ကလေးများထံသို့ ပန်းသီးဖောင်ဒေးရှင်းအဖွဲ့မှ သွားရောက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဟာရကျွေးမွေးမှုများ လုပ်ဆောင်နေပုံ