ပညာရေးကဏ္ဍ

စာရေးခုံများလှူဒါန်းခြင်း

ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများတွင်  တက်ရောက်သင်ကြားနေသော ကျောင်းသားဦးရေနှင့် လုံလောက်ပြည့်စုံမှုရှိစေရန်အတွက် ခိုင်ခံ့ပြီး စာသင်ခန်းတွင်အသုံးပြုရန် လိုက်လျောညီထွေသက်တောင့်သက်သာဖြစ်မည့် စာရေးစားပွဲနှင့်ထိုင်ခုံများကို လှူဒါန်းပေးခြင်းဖြစ်သည်။

ယနေ့အချိန်အထိ စာရေးစားပွဲနှင့်ထိုင်ခုံပေါင်း ( ၁၃၁၁၀ ) ကို ကျောင်းပေါင်း ( ၁၂၅ ) ကျောင်းအား လှူဒါန်းထားသည်။