မွေးနေ့ရှင်များအတွက် ပီတိလက်‌ဆောင်

Jan 28, 2025

မွေးနေ့ရှင်များအတွက် ပီတိလက်ဆောင်ဆိုသည်မှာ တနည်းအားဖြင့် မွေးနေ့အလှူပြုလုပ်ခြင်းပင်ဖြစ်ပြီး မွေးနေ့ရှင်အတွက် ချစ်သူခင်သူများကသော်လည်းကောင်း ၊ မွေးနေ့ရှင်ကိုယ်တိုင်ကသော်လည်းကောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ၊ သီလရှင်သင်ပညာရေးကျောင်းများရှိကလေးများအတွက် လိုအပ်သည်များကို ‌မျှ‌ဝေပေးခြင်းဖြစ်သည်။

ထိုကဲ့သို့သွားရောက်‌‌မျှ‌ဝေခြင်းအတွက်လှူဒါန်းလိုသည့်နေရာ၏လိုအပ်ချက်ပေါ်မူတည်ပြီးကလေးတဦးချင်းစီအတွက် တနေ့တာအာဟာရ ၊ ကျောင်းသုံးပစည်းများအား ပန်းသီးဖောင်ဒေးရှင်းမှ ကာယကံရှင်များကိုယ်စား စီစဥ် ပြုလုပ်ပေးခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်မှစတင်ပြီးလက်ရှိအချိန်အထိ မွေးနေ့အလှူရှင်ပေါင်း ( ၂၁ )ဦး အတွက် ဘုန်းတော်ကြီးသင် နှင့် သီလရှင်သင်ပညာရေးကျောင်း (   ၂၁   )ကျောင်း မှကလေးဦးရေ ( ၁၂,၆၀၀ ) အတွက် သွားရောက်‌‌ ဝေမျှ ပေးခဲ့ပြီးဖြစ်သည်။