
သဒ္ဒမဇောတိကဓဇ(အမရဝတီ)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
Date of Project : | 2019 |
Project Type : | ကျောင်းဆောင်ဆောက်လုပ်ခြင်း |
Location : | ရွှေနှင်းဆီလမ်း၊ကုန်းတလပေါင်ကျေးရွာ၊မင်္ဂလာဒုံ။ |
Categories : | (၈ ခန်းပါ ၂ ထပ် + ၄ ခန်းပါ ၂ ထပ်) စုစုပေါင်းစာသင်ခန်း ၁၂ ခန်း။ |
About Project
ကျောင်းတည်ရှိရာကျေးရွာ၏ လူဦးရေသည် လျင်မြန်စွာ တိုးပွားလာပါသည်။ အိမ်ထောင်စု ၂၀၀၀၀ ခန့်ရှိနေပြီဖြစ်သောကြောင့် ကျောင်းသားများစွာရှိပြီး အနီးနားရှိ စာသင်ကျောင်းများတွင်ပင် ကျောင်းသား သစ်များထပ်မံလက်မခံနိုင်တော့ပါ။ အစိုးရကျောင်းများတွင်ပင် မနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ချိန်ကျောင်း အဖြစ်ထားရှိရသည်။
ဤကျောင်းတွင် သူငယ်တန်းမှ ၈ တန်းအထိ ကျောင်းသား ၅၉၄ ဦးရှိ၍အဆောက်အဦနှစ်ခုရှိရာ တစ်ခုမှာသံပြားများကာထားသော ကွန်တိန်နာစာသင်ခန်းဖြစ်ပြီး အခန်း ၄ ခန်းရှိ အဆောက်အဦဖြစ်ကာ၊ နောက်ထပ် တစ်ထပ်ကွန်ကရစ်အဆောက်အဦမှာ ပိုမိုကောင်းမွန်၍ စာသင်ခန်း ၅ ခန်းရှိသည်။ သံပြားများ နှင့်ကာရံထားသော စာသင်ခန်းများတွင် စာသင်ယူနေသော ကျောင်းသားများမှာ များပြားလွန်း၍ ကျပ်သိပ်နေသည်ကို တွေ့ရသည်။
နဝမတန်း ဆက်လက်သင်ကြားရန် စာသင်ခန်းများ လိုအပ်သည့်အတွက် စာသင်ကျောင်းဆောင် တစ်ဆောင် လိုအပ်သောကြောင့် စာသင်ခန်း ၈ ခန်းပါ နှစ်ထပ်သင်ကြားရေးအဆောက်အအုံ A အား ဆောက်လုပ် လှူဒါန်းရန် သဘောတူပြီး သံပြားများနှင့် အဆောက်အအုံ ဟောင်းကို ဖြိုချကာ စာသင်ခန်း ၄ ခန်းပါ နှစ်ထပ်ဆောင် အဆောက်အဦး B အားလည်း ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဤသို့ဖြင့် စာသင်ခန်း မလုံလောက်သော ပြဿနာ အားဖြေရှင်းနိုင်၍ သင်ကြားရေး ပတ်ဝန်းကျင်ကို တိုးတက်စေခဲ့ပါသည်။