ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ
အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ထိုးနှံလှူဒါန်းခြင်း
ပန်းသီးဖောင်ဒေးရှင်းသည် စတင်တည်ထောင်ချိန်မှစရွေ့ မိဘမဲ့ဂေဟာ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်သီလရှင်သင်ပညာရေးကျောင်းတို့တွင် အသည်းရောင်အသား၀ါဘီပိုးသွေးစစ်ပေးခြင်းနှင့် အသည်းရောင်အသား၀ါဘီပိုး ကာကွယ်ဆေး ထိုးပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ တိုင်းအားဖြင့် ( ၉ ) တိုင်း ပြည်နယ်အားဖြင့် ( ၃ ) ပြည်နယ်အတွင်းရှိ ကလေးငယ်ပေါင်း (၁၁၃၄၄၀) ဦး၊ ကျောင်းအားဖြင့် ( ၅၂၇ )ကျောင်းအား ကာကွယ်ဆေးလှူဒါန်းနိုင်ခဲ့သည်။
“ ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေးဗဟုသုတ နည်းပါးမှုတွေအပြင် လူအများနှင့်စုဝေးနေထိုင်ရသည့်ထိုကလေးများအတွက် ကူးစက်နိုင်ချေမြင့်မားသည့် ဘီပိုးရောဂါသည်ခြိမ်းခြောက်မှု တစ်ခုဖြစ်နေပြီး ကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်စွာကာကွယ်နိုင်ခြင်းကြောင့် ဘ၀တလျှောက်လုံးအတွက် တသက်တာကာကယ်မှုကိုရရှိခဲ့ကြသည် ”