စာကြည့်တိုက်နှင့်ကစားကွင်းများတည်ဆောက်ပေးခြင်း

Jan 12, 2025

ကျောင်းသားကျောင်းသူများ စာရေးစာဖတ်စွမ်းရည်နှင့်  သတင်းအချက်အလက် ရှာဖွေမှုစွမ်းရည်များ တိုးတက်စေရန် စာကြည့်တိုက်များကိုလည်း ဆောက်လုပ်လှူဒါန်းပေးထားသည်။

စာကြည့်တိုက်များထားရှိရာတွင် ‌ ကျောင်းသားများလွတ်လပ်ပျော်ရွှင်စွာအသုံးချနိုင်စေရန်အတွက် ကျောင်းအနေအထား၊ ထိုကျောင်းတွင်တက်‌ရောက်နေသော ကလေးငယ်များ၏သဘာဝနှင့် အနီးစပ်ဆုံးဖြစ်အောင် ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ခဲ့သည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကလေးများ၏ကျောင်းပြင်ပအချိန်များသည် မိသားစုတာဝန်များကို အရွယ်နှင့်မလိုက်အောင်ထမ်း‌ဆောင်ရခြင်း ၊ စားဝတ်နေရေးအတွက်လည်း တစိတ်တပိုင်းတာဝန်ယူပေးရခြင်းများဖြင့်သာ အချိန်အများဆုံးကုန်ဆုံးရပြီး အသက်အရွယ်အလိုက်လိုအပ်သော ဖွံ့ဖြိုးမှုအထောက်အကူပြု စာအုပ်စာပေများနှင့်ထိတွေ့ခွင့်မှာ ကျောင်းစာကြည့်တိုက်မှသာ ရရှိနိုင်ကြသည်။

ကစားကွင်းများသည် ကျောင်းသူကျောင်းသားအရွယ် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ၊ လူမှုရေးဖွံ့ဖြိုးမှု ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများအတွက် မရှိမဖြစ်လိုအပ်သည်။

ကလေးကစားကွင်းများတည်ဆောက်ပေးရာတွင်  ကလေးများ၏ ကိုယ်ကာယလှုပ်ရှားကြံ့ခိုင်မှု ၊ အသင်းအဖွဲ့နှင့်ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်မှုများကိုပါ ရရှိစေမည့် ကစားကွင်းသုံး ပစ္စည်းများကို ထားရှိပေးထားသည်။

ကလေးများသည် ကျောင်းကစားကွင်းများကို အထူးနှစ်ခြိုက်ကြပြီး ကျောင်းရက်ရှည်ပိတ်ရက်များတွင်ပါ လာရောက်ကစားနိုင်ရန်ဖွင့်လှစ်ထားပေးဖို့ တောင်းဆိုကြသည်။