မီးသင်္ဂြိုဟ်စက်လှူဒါန်းခြင်း

Jan 12, 2025

မီးသင်္ဂြိုဟ်စက်များသည် ရပ်ရွာနှင့်လူမှုပတ်ဝန်းကျင်အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သော်လည်း အချို့သောရပ်ရွာဒေသများတွင် မီးသင်္ဂြိုဟ်စက်ရှိမနေခြင်းကြောင့် ရပ်ရွာမှ တတ်နိုင်သလို ပြုလုပ်ထားရသည့် နာရေးဆောင်ရွက်ရမှုပုံစံများသည် ပူဆွေးသောကဖြင့် လာရောက်ရသောနာရေးရှင်များအဖို့ စိတ်နှလုံးမချမ်း‌မြေ့ရခြင်း ၊ ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုများရှိခြင်းတို့ ဖြစ်‌ပေါ်စေခဲ့သည်။

ထို့ကြောင့် ရပ်ရွာလူထု၏ လူနေမှုဘဝအတွက် အခြေခံကျသော မီးသင်္ဂြိုဟ်စက်လှူဒါန်းခြင်းကို ၂၀၁၉ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာ (  ၃  ) တွင် ဆောက်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။