အဝီစိတွင်းလှူဒါန်းခြင်း

Jan 10, 2025

သောက်သုံးရေရှားပါးပြီး လုံလောက်မှုမရှိသောဒေသများတွင် ကျေးရွာနေလူထု၏ တောင်းဆိုမှုများအရ လိုအပ်သော အဝီစိတွင်းများ လှူဒါန်းမှုသည်လည်း  ဖောင်‌ဒေးရှင်း၏ ထပ်ဆောင်းစီမံကိန်းတစ်ခုဖြစ်သည်။

လက်ရှိအချိန်အထိဖောင်ဒေးရှင်းမှ ကျေးရွာဒေသ (၈)နေရာတွင်  အဝီစိတွင်း (၈) တွင်းကို လှူဒါန်းပေးခဲ့ပြီး ထိုဒေသများသည် လူဦးရေ နှင့် အသုံးချနိုင်သော ရေအရင်းအမြစ် လောက်ငှမှုမရှိခြင်း အရည်အသွေးမှီ သောက်သုံးရေ မရရှိခြင်းတို့ကြောင့် နေ့စဥ် ရေအခက်အခဲနှင့်ကျန်းမာရေးပြဿနာများ ကြုံတွေ့နေခဲ့ရသော နေရာများဖြစ်သည်။

ဖောင်ဒေးရှင်းမှ အဝီစိတွင်းများလှူဒါန်းရာတွင် လုံလောက်လွယ်ကူစွာဖြင့် ရေရှည်အသုံးပြုနိုင်ရန် အဓိကထားပြီး စက်ရေတွင်းနှင့်ရေကန်များကို လှူဒါန်း‌ပေးထားခြင်းဖြစ်သည်။