ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအားလစဥ်ဆန်ဖိုးလှူဒါန်းခြင်း
Jan 10, 2025
ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများ၏ လစဉ်စားစရိတ်ကုန်ကျငွေအတွက် ဖောင်ဒေးရှင်းမှ ဆန်ဖိုးအလှူငွေအဖြစ် ပေးအပ်ခြင်းဖြင့် ထိုကျောင်းများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ရေရှည်ရပ်တည်နိုင်ရန်ဖြစ်သည်။
ဆန်ဖိုးအလှူငွေထောက်ပံ့ခြင်းသည် ၂၀၂၁ ခုနှစ်တွင်စတင်ခဲ့သော ထပ်ဆောင်းစီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းပေါင်း ( ၁၇ ကျောင်း ) ကို လစဉ်လှူဒါန်းပေးခြင်းဖြင့် ထိုကျောင်းများတွင်မှီခိုနေထိုင်နေရသော ကလေးငယ်ပေါင်း ( ၆၃၄၄ ) အတွက် စားနပ်ရိက္ခာဖူလုံမှုကို ရရှိနေစေသည်။




