ပညာရေးကဏ္ဍ
ကွန်ပျူတာစာသင်ခန်းများထားရှိပေးခြင်း
စာသင်ကျောင်းများတွင် ကွန်ပျူတာများလှူဒါန်းပေးပြီး multimedia classroom များထားရှိပေးခြင်းဖြင့် Digital Education နှင့် နည်းပညာအသုံးချမှုအခြေခံရရှိစေသည်။ ပညာရေးအရင်းအမြစ်များကို လက်လှမ်းမီအသုံးချနိုင်စေသည်။ အနာဂါတ် အလုပ်အကိုင်များတွင်လည်း လိုအပ်သောနည်းပညာအရည်အချင်းများကို ဖြည့်ဆည်းပြီးဖြစ်စေသည်။
ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်း ( ၂၂ ) ကျောင်းတွင် ကွန်ပျူတာအလုံးရေ ( ၈၂၄ ) လုံးကို တပ်ဆင်ထားပြီးဖြစ်ပြီး တွဲဖက်အသုံးပြုနိုင်ရန်အတွက် ပရင်တာနှင့် ပရိုဂျက်တာ များကိုပါ တပ်ဆင်ပေးထားသည်။
ကျောင်းသားကျောင်းသူများအတွက် ကွန်ပျူတာ နှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို လက်တွေ့ကိုင်တွယ် အသုံးချနိုင်ခြင်းသည် အနာဂါတ်ဘဝအတွက် အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းမှုများအတွက်ပါ များစွာသော ပံ့ပိုးမှုများကို ရစေသည်။
ထိုကျောင်းများမှ ကျောင်းသားကျောင်းသူများသည် ကွန်ပျူတာစာသင်ခန်းတွင် လက်တွေ့ကိုင်တွယ် အသုံးချခွင့်ရရှိသည့်အတွက် ဖန်တီးနိုင်စွမ်းများကိုပါတိုးတက်စေပြီး ပျော်ရွှင်ဖွယ်အနားယူမှုတစ်ခုလည်းဖြစ်သည် ဟုဆိုကြသည်။