ဖောင်ဒေးရှင်းအကြောင်း

ပန်းသီးဖောင်ဒေးရှင်းကို ၂၀၁၀ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများရှိ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ကလေးတို့၏ အနာဂါတ် သာယာလှပစေရန်ရည်ရွယ်ပါသည်။

Health
Education
Online Learning

အသင်းအဖွဲ့၏ရည်ရွယ်ချက်

  • မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးနှင့် သီလရှင်သင်ပညာရေးကျောင်းများရှိ ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်ရန်။
  • ဘဝရပ်တည်နိုင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်မှုရရှိစေရေးအတွက် အကူအညီပေးရန်။
  • ရည်ရွယ်ချက်ခြင်းတူသော ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လူမှုရေး ပရဟိတလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့် အမြင်သဘောတရားများ ဖလှယ်ရန်။

အသင်း၏လုပ်ငန်းစဉ်များ

  • ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများတွင် ပညာသင်ကြားနေသောကလေးများအား စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကုသစရိတ် များထောက်ပံ့လှူဒါန်းပေးရန်။
  • ကလေးငယ်များအား ပညာသင်ကြားပေးနေသော ဆရာ/ဆရာမများအတွက် လစာနှင့်စရိတ်များ ကူညီထောက်ပံ့ပေးရန်။
  • ထူးချွန်ထက်မြက်သောကလေးငယ်များအား ပညာသင်ထောက်ပံ့ကြေးများပေးရန်။
  • ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများ၏ စာသင်ကျောင်း/အိပ်ဆောင်အဆောက်အဦနှင့် စာသင်ခုံများကဲ့သို့သော လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် အခြားအလှူရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးရန်။