ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သော်လည်း ပန်းသီးဖောင်ဒေးရှင်း၏ စာသင်ကျောင်းများကတော့ ကြံ့ကြံ့ခံကျန်ရှိနေခဲ့ခြင်းကြောင့် အဆိုးထဲကအကောင်းတစ်ခုအနေဖြင့် အားတက်မိပါသည်။
Apr 11, 2025
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သော မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် ပန်းသီးဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းထားသောကျောင်းများဖြစ်သည့်
– တိလောကရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ရွှေကြာပျိုးခင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– အမှတ် ( ၂ ) ဂိုဏ်းထောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ရွှေဘုံသာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ရတနာစံပြဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ကံကြီးကုန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– သမိုင်းသစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ဝက်သေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ချောင်းကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ဖက်ရှည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ရွှေလှံထောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– နေမင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– မဟာသုခသမ္ပတ္ထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– သစ္စဝေဒဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ပန်းပဲစု ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– မာဃိန္ဒာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– မှန်နန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ရွှေစင်မင်း သီလရှင်သင်ပညာရေးကျောင်း
– စလင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ဆွေသဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– မှန်စီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– သာသနာလင်္ကာရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– ရွှေပြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– အောင်ဇေယျာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
– သာသနာ့ဂုဏ်ရည် သီလရှင်သင်ပညာရေးကျောင်း များ၏ အခြေအနေကို ငလျင်လှုပ်ပြီးနောက်ပိုင်းတွင် သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ကျောင်းပိတ်ထားသည့် အချိန်ဖြစ်သောကြောင့် ကျောင်းပြိုကျခဲ့လျှင် အဆောက်အဦဆုံးရှုံးမှုသာ ရှိနိုင်သည့်အတွက် စိတ်ပူပန်ရခြင်းမရှိသော်လည်း ကျောင်းအိပ်ကျောင်းစား ကလေးငယ်များအတွက် အိပ်ဆောင်များကိုပါ ဆောက်လုပ်လှူဒါန်းထားသည့် ကျောင်းများအတွက် အထူးပင် စိတ်ပူပန်ခဲ့ရပါသည်။ သို့သော်လည်း အိပ်ဆောင်များမှာ အနည်းငယ်သော မျက်နှာကြက် အက်ကွဲမှုလောက်သာ ဖြစ်ခဲ့ပြီး ပျက်စီးပြိုကျမှုများ မရှိခဲ့ခြင်းကြောင့် ကလေးငယ်များမှာလည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပါ။ ပျော်ဘွယ်မြို့တွင်ရှိသော မှန်နန်းကျောင်းတစ်ကျောင်းသာ ငလျင်လှုပ်ချိန်တွင် မြေလွှာအက်ကွဲပြီး တစ်ခြမ်းနိမ့်ဆင်းမှုကြောင့် ကျောင်းအဆောက်အဦ ပြိုကျမှုမရှိသော်လည်း နံရံများကွဲအက်မှုရှိခြင်းကြောင့် အင်ဂျင်နီယာများနှင့် စစ်ဆေးရမည်ဖြစ်ပါသည်။ ထိုတစ်ကျောင်းသာ ပန်းသီးဖောင်ဒေးရှင်း ကျောင်းဆောင်များတွင် ငလျင်ဒဏ်ကြောင့် အများဆုံးထိခိုက်သောကျောင်း ဖြစ်ပါသည်။ ကျန်ရှိသောကျောင်းများတွင် အနည်းငယ်သော မျက်နှာကျက် အက်ကွဲမှုနှင့် plaster crack လောက်သာ ရှိခဲ့ခြင်းကြောင့် လာမည့်စာသင်နှစ်တွင်လည်း ကလေးများ လုံခြုံစိတ်ချစွာဖြင့် စာသင်ကြားနိုင်မည် ဖြစ်ပါသည်။




















































