ပညာရေးကဏ္ဍ

အိပ်ဆောင်နှင့်အိပ်စင်များ ဆောက်လုပ်ခြင်း

ဘ/က ကျောင်းများသည် သာမဏေငယ်များ ၊ သီလရှင်များ၊ ကလေးငယ်များကို ကျောင်းအိပ်ကျောင်းစားအနေဖြင့် လက်ခံပြီး ပညာသင်ကြားပေးထားသော်လည်း ထိုကျောင်းနေကလေးငယ်များအတွက် အိပ်စရာနေရာထိုင်ခင်း အခက်အခဲမှာ အလွန်ကြီးမားလှသည်။

ကျောင်းအိပ်ကျောင်းစားကလေးငယ်များသည် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိဘဲ အဆင်ပြေသည့်နေရာတွင်သာ ချိုတဲ့စွာ အိပ်စက်ရသည့်အတွက် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲပေါင်းများစွာကို နိစ္စဓူဝကြုံတွေ့ရသည်။ ထို့ကြောင့် ဘကကျောင်းပေါင်း ( ၃၁ ) ကျောင်းတွင် အိပ်ဆောင်ပေါင်း ( ၄၄ ) ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အိပ်စင်နှင့်အိပ်ဆောင်များကို ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ထိုကျောင်းများအတွက် အခြေခံလိုအပ်ချက်ကို ထည့်သွင်းပေးပြီးဖြစ်သလို ကောင်းမွန်ချမ်းသာစွာအိပ်စက်ရခြင်းသည် ကလေးများ၏စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု ၊ စိတ်ချမ်းသာမှု ၊ စနစ်တကျနေထိုင်တတ်မှု ၊ ကိုယ့်ကိုကိုယ်လေးစားမှု၊ ကျန်းမာရေး နှင့် တာ၀န်ယူတတ်မှုစသည့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုများကိုပါရစေသည်။