ပညာရေးကဏ္ဍ

အရည်အသွေးမှီစာသင်ကျောင်းများဆောက်လုပ်ခြင်း

ပန်းသီးဖောင်‌ဒေးရှင်းအနေဖြင့် ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများတွင် ပညာသင်ယူနေကြသော ကျောင်းသားကျောင်းသူများကိုလည်း စာသင်ကျောင်းစံနှုန်းများနှင့်အညီ ပညာသင်ကြားခွင့်နှင့်အရည်အသွေးမီ သင်ကြားသင်ယူမှု ဝန်းကျင်များရရှိစေနိုင်ရန်အတွက် စာသင်ကျောင်းဆောက်လုပ်ခြင်းစီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည် ။

ဆောက်လုပ်လှူဒါန်းခဲ့သော စာသင်ဆောင်များသည် နှစ်စဥ်တက်ရောက်မည့်ကျောင်းသားဦးရေ ၊ ‌ဒေသပထဝီအခြေအနေ များပေါ်တွင် အခြေခံပြီး ခိုင်ခံ့မှု ၊ လုံလောက်မှု ၊ ကြံ့ခိုင်မှု လိုက်လျောညီထွေရှိမှုတို့ကို တွက်ချက်ပြီး ကာလရှည်ကြာအသုံးပြုနိုင်ရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် သင်ကြားသင်ယူနေရသောကလေးငယ်များသည် ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးလိုအပ်ချက်များရှိနေသော မိသားစုများမှဖြစ်သည့်အတွက် အခမဲ့ပညာရေးဖြစ်သော ၄င်းကျောင်းများမှသာ စာတတ်မြောက်ခွင့်ရရှိနိုင်ကြသည်။

စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းစီမံကိန်းအတွက် မြန်မာနိုင်ငံတဝှမ်းလုံးတွင်ရှိသော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအား ကွင်းဆင်းလေ့လာခဲ့သည်။ ဒေသဆိုင်ရာအချက်အလက်နှင့် အကျိူးသက်ရောက်မှု အတိုင်းအတာကို တွက်ချက်ပြီးမှ စံနှုန်းနှင့် ကိုက်ညီသောစာသင်ကျောင်းဆောင်များကို ဆောက်လုပ်ပေးခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော ကျောင်းဆောင်ဆောက်လုပ်ခြင်းစီမံကိန်းသည် ၂၀၂၂ ခုနှစ်အထိဆောင်ရွက်ခဲ့ပြီး စာသင်ဆောင်အဆောက်အအုံပေါင်း ၁၄၁ ဆောင်ကို ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုပမာဏဖြစ်သောအဆောက်အအုံ အရေအတွက်သည် ကျောင်းသားကျောင်းသူပေါင်း ၁ သိန်းကျော်အတွက် ကောင်းမွန်သည့် သင်ကြားသင်ယူမှုကို အထောက်အကူပြုနိုင်ခဲ့သည်။

ကောင်းမွန်စွာပညာသင်ကြားခွင့်မရခဲ့လျှင် ကောင်းမွန်သောအနာဂါတ်ကို မျှော်လင့်မရနိုင်

အခမဲ့ပညာရေးကျောင်းဖြစ်သော်လည်း ပညာရေးစံနှုန်းနှင့်ကိုက်ညီသော စာသင်ကျောင်းဖြစ်ခြင်းကြောင့် ထိုဒေသတွင် နေထိုင်ကြသော ဒေသခံကလေးများအတွက် ပညာသင်ကြားမှုအခွင့်အလမ်းများ တိုးတက်လာစေသည်။ နေရာထိုင်ခင်း သက်တောင့်သက်သာနှင့် လုံခြုံကောင်းမွန်သောသင်ကြားနိုင်မှုများကြောင့် လူနေမှုအဆင့်အတန်းတိုးတက်စေခြင်း၊ စာသင်ကြားရန် စိတ်အားထက်သန်လာခြင်း၊ အာရုံစူးစိုက်နိုင်ခြင်းနှင့် သင်ကြားသင်ယူမှုအနှစ်သာရကို ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။

View on Map

ဆောက်လုပ်လှူဒါန်းခဲ့သောကျောင်းများ