အားကစား ၊ အနုပညာ နှင့် စွမ်းရည်ပြပြိုင်ပွဲများကျင်းပပေးခြင်း

Jan 10, 2025

ကလေးတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ ဝါသနာနှင့် ကျွမ်းကျင်မှုကို မိမိကိုယ်တိုင် သိရှိပြီးအသုံးချနိုင်ခွင့် ပြသနိုင်ခွင့်များရရှိရန်လိုအပ်သည်။ကလေးများ၏ပါရမီနှင့် စွမ်းရည်ကို ပိုမိုတိုးတက်စေရန်အတွက် မြေတောင်မြှောက်ပေးသည့် အနေဖြင့် ဖောင်ဒေးရှင်းမှ အခါအားလျော်စွာ ပြပွဲ ၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်သည်။ ထိုကဲ့သို့သော စွမ်းရည်ပြပွဲ ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများ ၊ ဂေဟာများမှကလေးများအတွက် အခွင့်အလမ်းများရရှိအောင်ဖန်တီးပေးသည်။

လက်မှုပညာစွမ်းရည် ၊ စာပေနှင့် ကျောင်းသင်ခန်းစာဘာသာရပ်အလိုက် ထူးချွန်မှုစွမ်းရည် ၊အနုပညာစွမ်းရည် ၊ ဖန်တီးမှုစွမ်းရည် ၊ အားကစားစွမ်းရည် စသော စွမ်းရည်များကိုပြသခွင့်ရရှိအောင် ပြပွဲပြိုင်ပွဲများပြုလုပ်ပြီး ထပ်ဆင့်တက်လှမ်းနိုင်အောင် မြှင့်တင်ပံ့ပိုးပေးခြင်း ၊ ဆုချီးမြှင့်ခြင်းများကို ပြုလုပ်ပေးခဲ့သည်။