ကျောင်းဖွင့်ပွဲ (ဖိုးဦးဇံ)
Posted on 28 မတ်, 2019 by Administrator
ကျောင်းဖွင့်ပွဲ (ဖိုးဦးဇံ)
ပန်းက​လေးများပွင့်​​တော့မည်​ ဖူးတံဝင့့် လို့ချီ.....
နေခြည်​မှာ ​ရွှေရည်​​လောင်း..ငါတို့စာသင်​​ကျောင်း....
        ဖိုးဦးဇံ​ကျေးရွာ​လေးမှာရှိတဲ့ ဓမ္မပါလဘုန်း​တော်​ကြီးသင်​​ကျောင်း​လေးဟာ .... ​ရေလုပ်​ငန်းလုပ်​ကိုင်​ကြတဲ့ မိသားစုဝင်​ က​လေးငယ်​​ပေါင်း ၁၅၀​ကျော်​ မှီခိုပညာသင်​ကြား​နေရတဲ့ ​ကျောင်းတ​ကျောင်းလဲဖြစ်​ပါတယ်
       ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်​ကို အံတုရင်း မပြည့်​စုံ မလုံခြုံတဲ့ ​ကျောင်းက​လေးထဲမှာ ချို့တဲ့စွာ ပညာသင်​ကြား​နေကြရတဲ့ က​လေးငယ်​တို့အတွက်​ ပန်းသီး​ဖောင်​​ဒေရှင်းက ​ကျောင်း​ဆောင်​သစ်​တ​ဆောင်​ကို ​ဆောက်​လုပ်​လှူဒါန်း​ပေးနိုင်​ခဲ့ပြန်​ပါပြီ
        အခုဆိုရင်​ ပြည့်​စုံလုံခြုံတဲ့ ​ကျောင်းက​လေးမှာ... ​ကျောင်းသားဦး​ရေ ၂၅၀​ကျော်​ထိ တိုးလို့လက်​ခံ ပညာသင်​ကြားကာဖြင့်​ စာ​မေးပွဲ​တွေ​တောင်​ ​ဖြေဆိုပြီးကြပြီဖြစ်​ပါတယ်​.
နွေ​နွေ
မိုးမိုး
ဆောင်း​ဆောင်း ​ဥတုရာသီ ကူးခါ​ပြောင်းတိုင်း....အလှူဒါန​တွေပြုမြဲပြု​နေတဲ့....မှတ်​တိုင်​သစ်​​တွေ တခုပြီးတခုစိုက်​​နေတဲ့.... ပန်းသီး​ဖောင်​​ဒေးရှင်းနဲ့အတူ .... ကြည်​နူးသာဓု​ခေါ်ဆိုနိုင်​ဖို့ မျှ​ဝေ​ပေးလိုက်​ပါတယ်​​နော်
လက်​တွဲကူညီ အလှူဒါနအတူပြုကြနိုင်​​စေဖို့လဲ ပန်းသီး​ဖောင်​​ဒေးရှင်းက အမြဲကြိုဆိုဖိတ်​​ခေါ်လိုက်​ပါရ​စေလို့.......
No tags added.