အလုပ်ရုံဆွေးနွေးပွဲ ၂၃-၁၁-၂၀၁၈ မှ ၂၅-၁၁-၂၀၁၈

Posted on 26 နိုဝင်ဘာ, 2018 by Administrator

အလုပ်ရုံဆွေးနွေးပွဲ ၂၃-၁၁-၂၀၁၈ မှ ၂၅-၁၁-၂၀၁၈

             ပန်းသီးဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ပညာရေးကျောင်းများမှ ဆရာ/ဆရာမများအား ပညာရေး သင်ကြားမှုအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ (၃)ရက်တာ မြင်သာမြို့ဦးကျောင်းတိုက်တွင် နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

                     အဆိုပါဆွေးနွေးပွဲသို့ ဆရာကြီးဦးစိုးသိန်း (ဒေါ်ခင်လှလှဖောင်ဒေးရှင်း)၊ ဆရာကြီးဦးစိုးနိုင် နှင့် ဆရာမကြီးဒေါ်ဝင်းဝင်းအောင် တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

             ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ပညာရေးကျောင်းများမှ ဆရာ/ဆရာမ (၈၀)ဦး တက်ရောက်ခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများမှ အတွေ့အကြုံများ၊ ရှင်းလင်းပြောကြားမှုများကို စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေး ခဲ့ကြပါသည်။             

No tags added.