ဓမ္မဒီပ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရေစက်ချလှူဒါန်းပွဲ

Posted on 18 အောက်တိုဘာ, 2018 by Administrator

ဓမ္မဒီပ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရေစက်ချလှူဒါန်းပွဲ

             ပန်းသီးဖောင်​​ဒေးရှင်းရဲ့ မင်္ဂလာရှိတဲ့ အလှူတစ်ခုကို ပန်းသီးမိသားစုက ၁၇.၁၀.၂၀၁၈ မင်္ဂလာအခါတော်​​နေ့မှာ ဆောင်ရွက်လှူဒါန်းနိုင်ခဲ့ပြန်ပါသည်။

          ရန်ကုန်တိုင်ဒေသကြီး သန်လျင်မြို့နယ်၊ ဓမ္မဒီပဘုန်တော်ကြီးသင်ပညာရေးကျောင်းရဲ့ အနာဂတ်ကလေးငယ်များ ပျော်ရွှင်​​အေးချမ်း သာယာစွာ ပညာသင်ကြားနိုင်​​စေဖို့ နှစ်ထပ်စာသင်​​ကျောင်ဆောင်ကြီးနဲ့ စာသင်ခုံများ၊ ရေလောင်းအိမ်သာတို့ကို အလှူ့ရှင် bella အလှကုန်မိသားစုရဲ့ လှူဒါန်ပေးမှုနဲ့ ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်လှူဒါန်ပေးခဲ့ပါသည်။

            မနက်ပိုင်း စတုဒီသာမုန့်ဟင်းခါး၊ နေ့လည်ပိုင်း အလှူဝက်သားဟင်း၊ ညနေပိုင်း မုန့်ဟင်းခါး၊ အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးရန်စီစဉ်​​ဆောင်ရွက်​​ပေးပါသော ဦးတိက္ခဉာဏ၊ အခမ်းအနားမှုးအဖြစ် စီစဉ်​​ဆောင်ရွက်​​ပေးပါသော ရုပ်ရှင်သရုပ်ဆောင်ဦးရန်ပိုင်စိုး၊ မနက်ခင်းနှင့် ညပိုင်းတွင်ဧည့် ခံဆိုင်းဖြင်ဖျော်​​ဖြေပေးပါသော အကယ်ဒမီမြန်မာပြည်​​ကျောက်စိမ်း၊ ဓမ္မဒီပကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ သီဟဉာဏဘိဝံသ တို့အားလည်ကောင်း အထူးပင် ကျေးဇူးဥပကာယ တင်ရှိရပါကျောင်း မှတ်တမ်းတင်ပါသည်။

               ပန်းသီးမိသားစုရဲ့အလှူတိုင်းမှာ အမြဲတမ်း သဒ္ဓါတရား၊ မေတ္တာတရားပြည့်ဝစွာ ပံ့ပိုးပေးနေပါသော ပန်းသီးဖောင်​​ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်လတ်နှင့် ဇနီးဒေါ်ဝေသစ်လွင် (bella Founder) တို့အားလည်း အထူးပင်​​ကျေးဇူးတင်ရှိပါသည်။

              ပန်းသီးဖောင်​​ဒေးရှင်းရဲ့ ထူးကဲလှတဲ့ အလှူတစ်ခုကို ဆောင်ရွက်လှူဒါန်းနိုင်ခဲ့လို့ ဝမ်းသာကြည်နူးရသလို ပန်းသီးမိသားစုနဲ့အတူ ထပ်တူဝမ်းသာကြည်နူး သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြစေဖို့ အခုလို မျှဝေပေးလိုက်ရပါသည်။

No tags added.