ပဲနို့စက်နှင့် ပဲအိတ်များ၊ ကျောင်းသုံးစာအုပ်များ လှူဒါန်းခြင်း

Posted on 24 စက်တင်ဘာ, 2018 by Administrator

ပဲနို့စက်နှင့် ပဲအိတ်များ၊ ကျောင်းသုံးစာအုပ်များ လှူဒါန်းခြင်း

            က​လေးတို့အနာဂတ်​သာယာလှပ​စေဖို့ ဘက်​စုံဖွံ့ဖြိုးတိုးတက်​​စေဖို့  အစဉ်​ကြိုးပမ်း​နေတဲ့ ပန်းသီး​ဖောင်​​ဒေးရှင်းဟာ ဒီက​နေ့မှာလဲ မင်္ဂလာရှိတဲ့ အလှူတစ်​ခုကို ပြုလုပ်​နိုင်​ခဲ့ပြန်​ပါပြီ။

          က​လေးငယ်​တို့ ဖွံ့ဖြိုးတိုးတက်​ ကျန်းမာသန်​စွမ်း​စေဖို့ ပဲနို့တိုက်​​ကျွေးနိုင်​စေ​ရေးနှင့်​ က​လေးငယ်​တို့ ပညာ​ရေး လိုအပ်​ချက်​ပြည့်​စုံ​စေဖို့ ဗလာစာအုပ်​များကို မြဝတီမြို့နယ်​ရှိ ​တောင်​တန်းသာသနာပြု​ကျောင်းသို့ ဗလာစာအုပ်​ ဒါဇင် (​၉၀၀)၊ ပဲနို့စက် (၁)လုံး​နှင့်​ ပဲ (၇)အိတ်​၊ ဘားအံမြို့နယ်​ ​တောင်​တန်းသာသနာပြုဗဟို​ကျောင်းရှိ က​လေးငယ်​များအတွက်​ ဗလာစာအုပ်​ (၁၅၀)ဒါဇင်​၊ ပဲနို့စက်​ (၁)လုံး၊ ပဲအိတ်​ (၃)အိတ်​တို့ကို လှူဒါန်းခဲ့ပါတယ်​။

         အနာဂတ်​ပန်းက​လေးများ လှပပွင့်​လန်း၊ လန်းဆန်း​စေဖို့ ဝိုင်းဝန်းကူညီ လှူဒါန်း​ပေးကြပါ ​သော ​ရွှေပြည်​နန်းမိသားစု၏ Soy Heart Foundationဗလာစာအုပ်​များလှူဒါန်း​ပေးပါ​သော Bella အလှကုန်​ မှ Bella Founder တို့အား အထူးပင်​​ကျေးဇူးတင်​ရှိရပါတယ်​။

               ပန်းသီးမိသားစုအလှူ ဝိုင်းဝန်းလို့ ကူကြပါစို့​နော်......။

No tags added.