ကျောက်ဆည်ခရိုင်၊ ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်း

Posted on 3 ဇူလိုင်, 2018 by Administrator

ကျောက်ဆည်ခရိုင်၊ ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်း

ပန်းသီး​ဖောင်​​ဒေးရှင်းမိသားစုဟာ ​ကျောက်​ဆည်​ခရိုင်​ရှိ ​ကျောက်​ဆည်​မြို့၊ စဉ့်​ကိုင်​မြို့နယ်​နဲ့ တံတားဦးမြို့နယ်​တို့မှာရှိတဲ့ ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်း​၂၇​ကျောင်း က​လေးငယ်​​ပေါင်း ၃၇၈၆ ဦးကို အသည်း​ရောင်​အသားဝါဘီပိုးကာကွယ်​​ဆေးအား ပထမအကြိမ်​အဖြစ်​ လှူဒါန်းနိုင်​ခဲ့ကြပြန်​ပါပြီ

ဒါ့အပြင်​လက်​​ဝှေ့​ကျော်​ခြင်​​ပြေး​ခွေရဲ့ကူညီပံ့ပိုးမှု​ကြောင့်​ ​ကျောင်းနဲ့​ကျောင်းပတ်​ဝန်းကျင်​အတွင်း ခြင်​​ဆေးများဖြန်းနိုင်​ခဲ့သလို ခြင်​​ပြေး​ခွေများကိုလဲ လှူဒါန်းဖြစ်​ခဲ့ကြပါတယ်
ကျောင်းနဲ့ ​ကျောင်းပတ်​ဝန်းကျင်​ကို အလှဆင်​နိုင်​ခဲ့ကြသလို....ဘ/က​ကျောင်းက ဆရာမ​လေး​တွေ အလှဆင်​နိုင်​​စေဖို့အတွက်​ bella product များကိုလဲ လက်​​ဆောင်​​ပေးခဲ့ကြပါတယ်

ဝေးလံ​ခေါင်​ဖျားအရပ်​​ဒေသက ဆရာမ​လေး​တွေအတွက်​ ​မေတ္တာဖြင့်​ အလှကုန်​များ လက်​​ဆောင်​​ပေးခဲ့တဲ့ Bella နဲ့ Bella founder ကိုလဲ အထူးပဲ​ကျေးဇူးတင်​ရှိရပါတယ်

                 "ပန်းသီးမိသားစုရဲ့အလှူ ဝိုင်းဝန်းလို့ကူ"

No tags added.