New posts

Lucky Number
Lucky Number

26 April, 2019 by Administrator

New Year....New Lucky Number.......

Opening Ceremony (Phoe Oo Zan)
Opening Ceremony (Phoe Oo Zan)

28 March, 2019 by Administrator

         Phoe Oo Zan Village...

Donation of Notebooks and Soy-milk machine and Soy-bean
Donation of Notebooks and Soy-milk machine and Soy-bean

24 September, 2018 by Administrator

                Our Pann Thee...

View all activities entries →

ဘ/က ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ၂၀၁၈/၂၀၁၉ ပညာသင်နှစ်

Posted on 17 January, 2019 by Administrator

ဘ/က ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ၂၀၁၈/၂၀၁၉ ပညာသင်နှစ်

  ပန်းသီး​ဖောင်​​ဒေးရှင်းမှ ကြီးမှုးကျင်းပပြီး ဘုန်း​တော်​ကြီးသင်​/သီလရှင်​သင်​ ပညာ​ရေး​ကျောင်းများရဲ့ ချစ်ကြည်​​ရေး ​ဘောလုံးပြိုင်​ပွဲကို ၆၊ ၁၊ ၂၀၁၉ ရက်နေ့တွင် မြင်​သာမြို့ဦး ဘ/က​ကျောင်းမှာ ကျင်းပပြုလုပ်​ခဲ့ကြပါသည်။

  ချစ်​ကြည်​ရင်းနှီး​ရေး​ဘောလုံးပွဲစဉ်​မှာ ပထမဆုရရှိသွားတာက​တော့ ယောက်ျားလေးအသင်းမှာ မိန်းကလေးအသင်းမှာ သဒ္ဒမ္မ​ဇောတိကာရုံဘ/က​ကျောင်းဖြစ်​ပြီး ဒုတိယဆုကို​တော့ ယောက်ျားလေးအသင်းမှာ မာဂဓီသာစည်​ဘ/က​ကျောင်းရရှိပြီး မိန်းကလေးအသင်းမှာ ထိန်စွန်း (မှော်ဘီ) ဘ/ကကျောင်းမှ ဖြစ်ပါသည်။ တတိယဆုကို စန်းသီတာ သီလရှင်သင်ပညာရေးကျောင်း ယောက်ျားလေးအသင်းမှ ရရှိပြီး မာဂဓီသာစည်ကျောင်းမှ မိန်းကလေးအသင်းရရှိခဲ့ကြပါသည်။ မြင်သာမြို့ဦးမှ ယောက်ျားလေးအသင်းနှင့် မိန်းကလေးအသင်းတို့မှ ရရှိခဲ့ကြပါသည်။

  ဆရာမများထုပ်​စည်းတိုးပြိုင်​ပွဲ ပထမဆုကို​တော့ မာဂဓီသာစည်​​ကျောင်းမှ ဆရာမများကရရှိခဲ့ပြီး၊ လက်​ဆင့်​ကမ်းအ​ပြေးပြိုင်​ပွဲမှာ​တော့ ဝိရတီ​တောရစန်းသီတာ​ကျောင်းက ဆရာမများက ရရှိသွားကြပါသည်။ ပါဝင်သော ဆရာ/ဆရာမများအားလုံးကိုလည်း လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

  ပန်းသီး​ဖောင်​​ဒေးရှင်းအ​နေနဲ့. အနာဂတ်​က​လေးငယ်​များရဲ့ ပညာ​ရေး၊ကျန်းမာ​ရေးပံ့ပိုးကူညီမှုများထဲမှာမှ အခုလို ကာယပြိုင်​ပွဲများကိုလဲ ကျင်းပမြဲဖြစ်ပါသည်။ ဒါမှသာ က​လေးငယ်​တို့အတွက်​ ဥာဏ်​ပညာအပြင်​ ကိုယ်​ ကာယဖွံ့ဖြိုးတိုးတက်​မှု​တွေရရှိလာနိုင်​မှာ ဖြစ်ပါသည်။

  က​လေးငယ်​တို့အတွက်​ အခုလို ဖွံ့ဖြိုးတိုးတက်​မှုလုပ်​ငန်း စဉ်​များကို တစိုက်​မတ်​မတ်​လုပ်​​ဆောင်​နိုင်​ဖို့ အစဉ်​အမြဲပံ့ပိုးမှုများ​ပေး​နေပါ​သော ​ဖောင်​​ဒေးရှင်းဥက္ကဌဦး​ဇော်​လတ်​၊ ဒုဥက္ကဌ​ဒေါ်​ဝေသစ်​လွင်​(bella foundar) တို့အားလည်း​ကောင်း၊ ပွဲစဉ်​အတွက်​ အလှု​ငွေများ ပါဝင်​လှူဒါန်း​ပေးပါ​သော ​ဆောက်​လုပ်​​ရေးလုပ်​ငန်းရှင်​များနှင့်​ ပွဲစဉ်​အစမှအဆုံးထိ အစစတာဝန်​ယူ​ဆောင်​ရွက်​​ပေးပါ​သော မြင်​သာမြို့ဦး ပဓာနနာယကဆရာ​တော် ​ဦးပညာစာရ တို့အား အထူးပင်​​ကျေးဇူးဥပကာရတင်​ရှိပါကြောင်း ပန်းသီးဖောင်ဒေးရှင်းမှ မှတ်တမ်းတင်ဂုဏ်ပြုပါသည်။

 အနာဂတ်​ပန်းက​လေးများ လှပရွှင်​လန်း​နေ​စေဖို့..... ပန်းသီး​ဖောင်​​ဒေရှင်းနဲ့အတူ...ဝိုင်းဝန်းကူညီကြပါစို့

No tags added.